Print

အရသာငါးမျိုးနှင့် အစားအစာများ

  27-Jun-2017
Preview Image


ကျွနု်ပ်တို့အစားအစာများကို စားသုံးသောအခါ အရသာများကိုလည်း စုံလင်စွာ စားသုံးရန် လိုအပ်မည်။ ခန္ဓာကိုယ်အတွက် ကောင်းကျိုးပေးသော အစားအစာများကို အရသာငါးမျိုးပါသော အစားအစာများဟုဆိုကာ ခွဲခြားထားပါသည်။ ထိုအရသာ ငါးမျိုးပါသော အစားအစာများကို စားသုံးခြင်းဖြင့် လူတို့၏ ခန္ဓာကိုယ်အတွင်းရှိ အစိတ်အပိုင်း ငါးနေရာသို့ ကောင်းကျိုးများ အသီးသီးရရှိစေ နိုင်မည်။ အရသာငါးမျိုးမှာ ချို၊ ခါး၊ ချဉ်၊ စပ်၊ ငန် တို့ဖြစ်သည်။ ထိုအရသာငါးမျိုးသည် တစ်ခုနှင့်တစ်ခု ဂုဏ်သတ္တိ လုပ်ဆောင်ချက်များ မတူညီဘဲ ခန္ဓာကိုယ်ကို ကောင်းကျိုးများစွာ ဖြည့်စွက်ပေးသော အကျိုးများစွာပေးကြသည်။


၁။ အချိုအရသာ

အချိုအရသာသည် သရက်ရွက်ကို အဓိကကောင်းစေသည်။ အချိုအရသာသည် အစာအိမ်ကို နှိုးဆွပေးသည်။ သွေးကြောများကို အားဖြည့်ပေးနိုင်သည်။ အချိုအရသာ ထဲတွင် သကြားဓာတ်၊ ပရိုတင်း၊ ဗီတာမင်ဓာတ်များ ပါဝင်ပါသည်။ ထို့ပြင် အချို အရသာသည် လူတို့၏ ကိုယ်ခန္ဓာကို ကောင်းကျိုး များဖြည့်ပေးကာ ခန္ဓာကိုယ်ကို သန်မာစေသည်။ ကြွက်သားများ တင်းကျပ်မာကြောခြင်း မဖြစ်စေရန် ကူညီပေးနိုင်သည်။


အချိုအရသာပါ အစားအစာများ

ဟင်းနုနွယ်၊ မုန်ညင်းဖြူ၊ ခရမ်းသီး၊ ပန်းသီး၊ ကြံ၊ သစ်တော်သီး၊ ကြွက်နားရွက်မှို၊ အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ပျားရည်၊ ကြံသကာ စသည်တို့ဖြစ်သည်။


၂။ အခါးအရသာ

အခါးအရသာသည် နှလုံးအတွက် အဓိကကောင်းစေသည်။ အခါးအရသာ သည် ရေငတ်ခြင်းမဖြစ်စေရန် ကြိုတင်ကာကွယ်ပေးသည်။ အဆိပ်များကို ဖယ်ရှားသန့်စင်ပေးသည်။ သရက်ရွက်ကို ကျန်းမာစေသည်။ အစာအိမ်ကို ကျန်းမာစေသည်။ အခါးအရသာသည် နွေရာသီတွင် စားရန် သင့်လျော်ပါသည်။ အခါးရသာသည် ခန္ဓာကိုယ်မှ အပူများကို ထုတ်ပေးသည်။ နှလုံး၏ လုပ်ဆောင်ချက်များကို ထိန်းညှိပေးနိုင်သည်။


အခါးအရသာပါ အစားအစာများ 

ကြက်ဟင်းခါးသီး၊ လက်ဖက်ရည်၊ တရုတ်ဆီးသီး၊ စသည်တို့ဖြစ်သည်။


၃။ အချဉ်အရသာ

အချဉ်အရသာသည် အသည်းအတွက် အဓိကကောင်းစေသည်။ အသည်း၏ စွမ်းဆောင်ရည် ကို မြင့်မားစွာလုပ်ဆောင်ပေးနိုင်ရုံသာမက သရက်ရွက်ကိုပါ ကျန်းမာစေနိုင်သည်။ အစာအိမ်ကို နှိုးဆွပေးသည်။ အစာချေနိုင်စေရန် ကူညီပေးသည်။ အူလမ်းကြောင်းပျက်စီးမှု ထိန်းချုပ်ပေးသည်။ အချဉ်အရသာသည် ချွေးတအားထွက်ခြင်း ကို ရပ်တန့်ပေးသည်။ ရေငတ်ပြေစေသည်။ သွေးဖိအားကို ကျဆင်းစေသည်။ အချဉ်အရသာထဲတွင် တင်းနစ်ဓာတ်ပါခြင်းကြောင့် သွေးကြောများကို ဖွင့်ပေးနိုင်သည်။ ကိုလက်စထရောကို ကျဆင်းစေသည်။


အချဉ်အရသာပါ အစားအစာများ

သရက်သီး၊ စပျစ်သီး၊ လိုင်ချီသီး၊ သစ်တော်သီး၊ လိမ္မော်သီး၊ ချယ်ရီသီး၊ ရှာလကာရည် စသည်တို့ဖြစ်သည်။


၄။ အစပ်အရသာ

အစပ်အရသာသည် အဆုတ်အတွက် အဓိကကောင်းစေသည်။ အစပ်အရသာသည် အသက်ရှူခြင်းစွမ်းဆောင်မှုကို ပိုကောင်းစေရန် ပြုပြင်ပြောင်းလဲပေးနိုင် သည်။ သွေးလည်ပတ်ခြင်းကို ကောင်းမွန်စေသည်။ ကိုယ်အပူချိန်နှင့် သွေးဖိအား ကို မြင့်မားလာစေသည်။ သွေးရည်များထဲမှ မကောင်းသောအရာများကို ဖယ်ရှားပေးပြီး အသစ်များဖြစ်ပေါ်လာစေရန် အစားထိုးပေးသည်။


အစပ်အရသာ အစားအစာများ

ဂျင်း၊ မဆလာ၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ ၊ ကြက်သွန်မြိတ် ၊ နံနံပင်၊ တရုတ်ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ တရုတ်နံနံပင် စသည်တို့ဖြစ်သည်။


၅။ အငန်အရသာ

အငန်အရသာသည် ကျောက်ကပ်အတွက် အဓိကကောင်းစေသည်။ အငန် အရသာသည် သတ္တုဓာတ်များ ပါဝင်သည့်အတွက် ကျောက်ကပ်အတွက် ဆီးသွားခြင်းကို ထိန်းညှိပေးသော ကောင်းကျိုးပေးသည်။ ကျောက်ကပ်ကို အားဖြည့်ကူညီပေးသည်။ ဝမး်မာတောက်၍ ချုပ်နေခြင်းကို ကောင်းစေရန် ပြုပြင်ပေးနိုင်သည်။ ချွဲသလိပ်များကို အပြင်သို့ထုတ်ပေးသည်။


အငန်အရသာ အစားအစာများ

ဝက်သား၊ ဘဲသား၊ ခရု၊ ဂဏန်း၊ ရေညှိ ကနုကမာ၊ ယောက်သွား၊ ဆား။


Credit: 

ယမုံအေး (စမ်းချောင်း)




Related Articles


Advertisment 18